ဤဝဘ်ဆိုဒ်ကို ဘာသာစကားများစွာဖြင့်ကြည့်ရှုနိုင်ပါသည်။ ညာဘက်အောက်ခြေရှိ ဘားမှ သင် နှစ်သက်သော ဘာသာစကားကို ရွေးချယ်ပါ။
အကောင်းစားရှူး | Kyushu တွင်နေထိုင်သော နိုင်ငံတကာကျောင်းသားတစ်ဦးမှ ရိုးရာလက်မှုပညာ၏ တကယ့်အတွေ့အကြုံများနှင့် စိတ်လှုပ်ရှားဖွယ်ရာအကြောင်း အစီရင်ခံစာ

EI THINZAR KO
長崎県波佐見町への3日間の研修旅行
နာဂဆခီခရိုင်ဟစမိမြို့သို့ ၃ရက်တာလေ့လာရေးခရီးစဉ်
NagasakiJuniorCollegeရဲ့ဒုတိယနှစ်နိုင်ငံခြားပညာတော်သင်ကျောင်းသားတစ်ယောက်အနေနဲ့ဘွဲ့မရခင်ဆရာမတွေ၊သူငယ်ချင်းတွေ၊တခြားတက္ကသိုလ်ကကျောင်းသားတွေနဲ့အတူယဉ်ကျေးမှုဖလှယ်ရေးခရီးစဉ်အဖြစ်ဟစမိမြို့သို့၃ရက်တာလေ့လာရေးခရီးသွားရောက်ခဲ့ပါတယ်။
ပထမမြောက်နေ့ခရီးစဉ်
ဟစမိမြို့သည်မြေထည်ကြွေထည်လုပ်ငန်းနဲ့နာမည်ကြီးတဲ့မြို့လေးတစ်မြို့ဖြစ်ပါတယ်။ကြွေထည်လုပ်ငန်းကိုစတင်ခဲ့တာဟာလွန်ခဲ့သောနှစ်ပေါင်း၄၀၀ခန့်ကတည်းကနေယခုအချိန်ထိဖြစ်ပါတယ်။အရင်တုန်းကတော့ထင်းမီးနဲ့သုံးပြီးမြေထည်တွေကိုမီးဖုတ်ခဲ့တယ်ဆိုတာကိုမြို့ထဲကိုဝင်တာနဲ့တွေ့ရတဲ့မီးခိုးခေါင်းတိုင်တွေကိုတွေ ့မြင်ရခြင်းဖြင့်သိခဲ့ရပါတယ်။အခုချိန်ထိတိုင်ထိမီးခိုးခေါင်းတိုင်တွေကိုဖြိုဖျက်ထား
ခြင်းမရှိသေးပါဘူး။

ပထမဆုံးအနေနဲ့ဟစမိမြို့ရဲ့TAKAYAMAကုမ္ပဏီမှာကြွေထည်လုပ်ငန်းကိုလေ့လာခဲ့ပါတယ်။ယခုအ
ချိန်မှာတော့TAKAYAMAကုမ္ပဏီဟာဆိုရင်တော့ဂျပန်နိုင်ငံရဲ့အသစ်ထုတ်လုပ်ထားတဲ့ဂက်စ်မီးဖိုကြီးနဲ့မြေထည်ကြွေထည်တွေကို၂၂နာရီကြာပေါင်းခံမီးဖုတ်ပြီးထုတ်လုပ်နေကြောင်းသိရှိခဲ့ရပါတယ်။
တကယ်ကိုစည်းစနစ်ကျလှစွာမြေထည်တွေပေါ်မှာပန်းချီရေးဆွဲခြင်း၊ဆေးရောင်ခြယ်ခြင်းတွေကိုပြုလုပ်ပြီးသေသပ်လှပစွာထုတ်လုပ်လျက်ရှိတာကိုတွေ့မြင်လေ့လာခွင့်ရခဲ့ပါတယ်။

နေ့လည်ခင်းမှာတော့ကိုယ်တိုင်ပီဇာပြုလုပ်ပြီးနေ့လည်စာအဖြစ်စားခဲ့ကြပါတယ်။ပီဇာကို
ကိုယ်တိုင်ပြုလုပ်ပြီးစားခဲ့ရတာဟာပထမဆုံးဖြစ်သလိုပီဇာကိုထင်းမီးနဲ့ဖုတ်ခြင်းကိုလည်း
ပထမဆုံးမြင်တွေ့ခဲ့ရခြင်းဖြစ်ပါတယ်။

နေ့လည်စာစားပြီးတဲ့နောက်မှာရွံ့မြေကနေအိုးခွက်ပန်းကန်တွေပြုလုပ်တာကိုကိုယ်တိုင်ပြုလုပ်လေ့လာခွင့်ရခဲ့ပါတယ်။ပထမဆုံးအတွေ့အကြုံအနေနဲ့ကိုယ်တိုင်လုပ်ရင်ဖြစ်ရောဖြစ်ပါ့မလားလို့စိုးရိမ်ခဲ့ရပေ
မယ့်သင်ပြပေးတဲ့ဆရာရဲ့ဂရုတစိုက်သေချာသင်ကြားပေးမှုကြောင့်နောက်ဆုံးမှာတော့ကိုယ်တိုင်လက်နဲ့ပြုလုပ်နိုင်ခဲ့တဲ့ခွက်လေးအဖြစ်အရာထင်လာခဲ့ပါတ ယ်။တကယ်ကိုထိုအရာကိုပြုလုပ်နေသူတွေရဲ့စိတ်ရှည်မှုတွေ၊မပျက်စီးမယို့ယွင်းအောင်အာရုံစိုက်ရတာတွေကိုကိုယ်တိုင်နားလည်လာနိုင်ခဲ့ပါတယ်။ပထမမြောက်နေ့ခရီးစဉ်မှာတော့ထိုအရာတွေကိုလေ့လာခွင့်ရခဲ့ရုံနဲ့တင်လက်မှုပညာရှင်တွေရဲ့အနုစိတ်တီထွင်ဖန်တီးနိုင်မှုကိုလေးစားဂုဏ်ယူခဲ့ရပါတယ်။

ဒုတိယမြောက်နေ့
ထိုနေ့ရဲ့ပထမဆုံးအနေနဲ့ဟစမိမြို့ရဲ့သမိုင်းနဲ့
ယဉ်ကျေးမှုတွေကိုပြသထားတဲ့ပြတိုက်ကိုလေ့
လာခွင့်ရခဲ့ပါတယ်။ထိုပြတိုက်ကိုဝင်လိုက်
တယ်ဆိုတာနဲ့ပြတိုက်ဆိုတာထက်အိမ်တစ်
အိမ်ရဲ့ခံစားချက်ကိုရရှိပါတယ်။ဟုတ်ပါတယ်၊
ဟရှိမိုတိုစံဆိုတဲ့လူရဲ့အိမ်ကနေချဲ့ထွင်ပြုလုပ်
ထားခြင်းဖြစ်ပါတယ်။
ထိုပြတိုက်မှာတော့ခေတ်အဆက်ဆက်ရဲ့ယဉ်ကျေးမှုစီးဆင်းခဲ့ပုံတွေ၊ခေတ်အဆက်ဆက်ရဲ့ကြွေထည်
ပစ္စည်းတွေကိုပြသထားပါတယ်။တကယ်ကိုနားလည်ရလွယ်အောင်ရှင်းပြချက်တွေကိုလည်းရေးသားပြသထားပါတယ်။ဒါ့အပြင်ဒိုင်နိုဆောရဲ့ဦးခေါင်းအရိုးပုံစံကိုလည်းပြသထားပါတယ်။

အဲ့ဒီနောက်မှာတော့စားသောက်ဆိုင်တွေမှာပြသထားလေ့ရှိတဲ့အစ ားအသောက်ပုံစံနမူနာတွေကိုပြုလုပ်တဲ့နေရာလေးကိုလည်းလေ့လာခဲ့ပါတယ်။အဲ့ဒီမှာဆိုရင်တော့miniparfaitsampleပြုလုပ်ပုံကိုကိုယ်
တိုင်ပြုလုပ်လေ့လာခွင့်ရခဲ့ပါတယ်။ထိုဆိုင်လေးမှာဆိုရင်တော့အစားအသောက်ပုံစံနမူနာတွေကိုမျိုးစုံ
မြင်တွေ့ခွင့်ရမှာပဲဖြစ်ပါတယ်။ဆိုင်လေးကိုဝင်လိုက်တာနဲ့အံ့ဩမှင်သက်ရလောက်အောင်ဆန်းသစ်လှတဲ့လက်ရာတွေကိုမြင်တွေ့ရပါတယ်။ထိုဆိုင်လေးကိုလေ့လာရုံနဲ့တင်ထိုလက်မှုပညာကိုသင်ကြာ
