top of page

WAI YAN PHYO THET

ဟစမိမြို့

波佐見町(ဟစမိမြို့)


(波佐見町) သည် ဂျပန်နိုင်ငံ၊ Nagasaki ခရိုင် Higashisonogi ခရိုင်တွင် တည်ရှိသော မြို့တစ်မြို့ဖြစ်သည်။ 2024 ခုနှစ် မေလ 31 ရက်နေ့အထိ၊ မြို့တွင် ခန့်မှန်းခြေ လူဦးရေ 14,124 ရှိပြီး အိမ်ထောင်စု 5499 တွင် လူဦးရေသိပ်သည်းဆသည် ကီလိုမီတာ 2 လျှင် လူ 200 ရှိသည်။ မြို့၏စုစုပေါင်းဧရိယာသည် 56.00 ကီလိုမီတာ (21.62 စတုရန်းမိုင်) ရှိသည်။ ၎င်းသည် ၎င်း၏ ကြွေထည်ပစ္စည်းများ ထုတ်လုပ်ခြင်းအတွက် အိမ်နီးချင်း Arita နှင့် Saga စီရင်စုတို့နှင့်အတူ လူသိများသည်။



၁။ခွက်များတွင်စတစ်ကာများကပ်၍ မီးအပူပေးခြင်း
၁။ခွက်များတွင်စတစ်ကာများကပ်၍ မီးအပူပေးခြင်း

ပထမဦးဆုံးဟစမိမြို့ကိုစစရောက်ချင်းခွက်တွေထုတ်လုပ်တဲ့နေရာကိုရောက်ခဲ့ပြီးအဲ့ဒီနေရာမှာမိမိကြိုက်နှစ်သက်ရာ စတစ်ကာကိုရွေးချယ်ပြီးခွက်မှာအရင်ဆုံးကပ်ရပါတယ်။စိတ်ကြိုက်ကပ်ပြီးတဲ့အချိန်မှာတော့တာဝန်ရှိသူတွေက မီးအပူပေးခြင်းလုပ်ငန်းကိုလုပ်ဆောင်ပါတယ် ။



၂။အစားအစာများကိုsample ပုံဖော်ခြင်း 
၂။အစားအစာများကိုsample ပုံဖော်ခြင်း 

 နံပတ်၂အနေနဲ့ကျွန်တော်တို့ရောက်ရှိခဲ့တဲ့နေရာကတော့အစားအသောက်တွေကိုsample ပုံစံတူ ပြုလုပ်တဲ့နေရာဖြစ်ပါတယ်။အဲ့ဒီနေရာမှာကျွန်တော်တို့ကတော့ရေခဲမုန့်ပုံစံ အချိုပွဲကိုပြုလုပ်ခဲ့ကြပါတယ် ။





 နေ့လည်စာကတော့ဂျပန်စတိုင်ထမင်းဘူးနဲ့ဧည့်ခံပါတယ်။


၄။နှစ်ပေါင်းများစွာက လက်မှုပညာအကွဲအစအနများရှာဖွေခြင်း

  

 ထမင်းစားပြီးတဲ့နောက်မှာတော့ ကျွန်တော်တို့အဖွဲ့ပန်းကန်အကွဲအစအနများကိုရှာဖွေပြီး ဆရာများကိုဘယ်နှစ်ခုနစ်က အပိုင်းအစလဲဆိုတာမေးမြန်းကြပါတယ်



၅။ရလာသောအပိုင်းအစများကိုဆွဲကြိုးပြုလုပ်ခြင်း


 ထို့နောက်ကျောင်းသားများကမိမိတို့ကိုယ်တိုင်ရှာဖွေတွေ့ရှိထားသောအပိုင်းအစများကိုဆွဲကြိုးများပြုလုပ်ပြီးဆင်မြန်းကြပါတယယ်။




ထို့နောက်ကျွန်တော်တို့ရဲ့ခရီးစဉ်ပြီးဆုံးပြီးပျော်ရွှင်စွာကားပေါ်မှာ အိပ်ငိုက်ရင်းပြန်လာကြပါတယ်။

ပြီးပါပြီ။


ဆက်လက်ကြိုးစားပါအုံးမည် 

ဝေယံဖြိုးသက်




အစီရင်ခံစာဘာသာစကား :

ミャンマー語

© 2025 Craft Kyushu

bottom of page