top of page
< Back

KAUNG MYAT HTET

ပထမနေ့၊Hasamiမြို့ ဂျပန်ယဉ်ကျေးမှုလေ့လာရေးခရီး

ပထမနေ့၊Hasamiမြို့ ဂျပန်ယဉ်ကျေးမှုလေ့လာရေးခရီး


Nagasaki International Universityနှင့်Nagasaki Junior College ကျောင်းနှစ်ကျောင်းမှာတတ်ရောက်နေသည့်နိုင်ငံခြားကျောင်းသားကျောင်းသူများအတွက်ဂျပန်ယဉ်ကျေးမှုလေ့လာရေးအစီအစဉ်အနေ့ဖြင့်ဂျပန်နိုင်ငံ၊Nagasakiခရိုင်ရှိHasamiမြို့ဆီသို့သွားရောက်ပါ ဝင်လေ့လာခဲ့ပါသည်။




Hasamiမြို့သည်Hasamiကြွေထည်(波佐見焼き)လို့ခေါ်သည့်ကြွေထည်လုပ်ငန်းက်ိုအဓိကလုပ်ကိုင်၍ ကြွေထည်သည်၎င်း၏အထူးပြုလက်ရာများဖြစ်သည့်ရိုးရှင်းသောဒီဇိုင်းများ၊ထုတ်လုပ်မှုနည်းပညာနှင့်ဂျပန်ရိုးရာအလှဆင်မှုများကြောင့်ကမ္ဘာ့စျေးကွက်တွင်ထင်ရှားလာခဲ့သည့်ကြွေထည်အမျိုးအစားတစ်ခုဖြစ်ပါသည်။ 



ပထမဆုံးအနေနဲ့hasamiကြွေထည်လုပ်ငန်း၏ထုတ်လုပ်မှုအဆင့်ဆင့်ကိုလေ့လာသိရှိနိုင်ရန်ကြွေထည်စက်ရုံကိုသွားရောက်လေ့လာဖြစ်ခဲ့ပါသည်။ကြွေထည်စက်ရုံအတွင်းမှာဆိုရင်ခေတ်မှီစက်ပစ္စည်းများကိုအသုံးပြု၍ကြွေထည်ပစ္စည်းများကိုထုတ်လုပ်နေသည်ကိုမြင်တွေ့ရမှာဖြစ်ပါသည်။ကြွေထည်စက်ရုံမှာဆိုလျှင်ကုန်ကြမ်းပြင်ဆင်ခြင်း၊ပုံသွင်းခြင်း၊ပုံသွင်းပြီးကြွေထည်များ၏ အပြင်အဆင်၊မတ်စောက်မှုနှင့် ပြီးပြည့်စုံမှုကိုထိန်းသိမ်းရန်ဆက်လက်ပြုလုပ်သည်။ဤအဆင့်တွင်အချို့သောအပိုအစိတ်အပိုင်းများကို ဖြတ်တောက်ပစ်ခြင်း သို့မဟုတ် လိုအပ်သော တိကျမှုကိုပြုပြင်ခြင်း၊ကြွေထည်များကိုအခြောက်ခံခြင်းကိုပြုလုပ်ပါသည်။ထို့နောက်ပထမဆုံး မီးဖုတ်ခြင်းကိုဆောင်ရွက်သည်။ကြွေထည်များကိုအပူချိန်မြင့်မားသောမီးဖိုတွင်မီးဖုတ်ပြီးကုန်ကြမ်းများကိုအားကောင်းစေ၍ကြွေထည်၏သန့်ရှင်းမှုနှင့်ခိုင်ခံ့မှုကိုပေးစွမ်းပါသည်။ပထမအဆင့်မီးဖုတ်ပြီးသည့်နောက်အလှဆင်ခြင်းနှင့်အရောင်တင်ခြင်း များပြုလုပ်ကာနောက်ဆုံးမီးဖုတ်ခြင်းကိုပြုလုပ်၍အရည်အသွေးစစ်ဆေးခြင်း၊ထုပ်ပိုးရောင်းချမှုအစရှိသဖြင့်ကြွေထည်လုပ်ငန်းများထုပ်လုပ်ပုံအဆင့်ဆင့်ဖြစ်ပါသည်။Hasamiမှာဆိုလျှင်နောက်ဆုံးပေါ်မီးဖုတ်စက်ဖိုများကိုအသုံးပြုကာလိုအပ်သည့်အပူချိန်၊ကြာချိန်ကို ထိန်းညှိကာထုတ်လုပ်လျက်ရှိပါသည်။








ထို့နောက် ဂျမ်ဘိုပီဇာပြုလုပ်ပုံကိုလက်တွေ့ကိုယ်တိုင်ကိုယ်ကျပြုလုပ်ပြီး နေ့လည်စာအဖြစ်စားသုံးခဲ့ပါသည်။ အရသာရှိသည့်ပီဇာတစ်ချပ်ရဖို့ရန်ဂျုံသားနယ်ပုံနယ်နည်း၊ပီဇာအချပ်ပြုလုပ်နည်းအစရှိသဖြင့်ပီဇာပြုလုပ်ပုံအဆင့်ဆင့်ကိုစနစ်တကျလေ့လာသင်ယူခဲ့ပါသည်။ဂျမ်ဘိုပီဇာ၏ပါဝင်ပစ္စည်းများအနေဖြင့် ဂျုံ၊ချီစ်၊ခရမ်းချဉ်သီး၊ဝက်သားပြား၊မှို၊ငရုတ်ပွ၊ကြက်သွန်နီများကိုအသုံးပြုပြီးပြုလုပ်ခဲ့ပါသည်။ပီဇာဖုတ်သည့်အခါမှာလည်းကြွေထည်ဖီးဖိုကန်များကိုပြုပြင်အသုံးပြုခြင်းဟာဆိုလျှင်Hasami၏နည်း



ひとつの貴重な学びとなりました。



နေ့လည်စာစားပြီးသည့်အခါ「ろくろ体験」လို့ခေါ်သည့် 陶芸(とうげい)သို့မဟုတ် 陶磁器(とうじき) ပြုလုပ်ရာတွင် အသုံးပြုသော(ဖွဲ့စည်းခြင်းယန္တရား) ကို အသုံးပြု၍ မိမိကိုယ်တိုင်အခြေခံအဆင့် ကြွေထည်ဖန်တီးမှု အတွေ့အကြုံကိုသင်ယူခဲ့ပါသည်။မိမိပြုလုပ်ချင်သည့်ပန်းကန်လုံး၊ပန်းကန်ပြား၊ရေခွက်အစရှိသဖြင့် ကြိုက်နှစ်သက်ရာ ရွေးချယ်၍ ပြုလုပ်နိုင်ပါသည်။




ပထမနေ့ ဂျပန်ယဉ်ကျေးမှုလေ့လာရေးမှာ Hasami မြို့လေး၏ဂျပန်ကြွေထည်လုပ်ငန်းနှင့်ပတ်သက်သည့်ဗဟုသုတများစွာကိုသိရှိခဲ့ရပြီးကိုယ်တိုင်လက်တွေ့အတွေ့အကြုံရယူ၍လေ့လာသင်ယူနိုင်ခဲ့သည့်တစ်နေ့တာလေ့လာရေးအစီအစဉ်ဖြစ်ခဲ့ပါသည်။





2ရက်မြောက်နေ့၊Hasamiမြို့ ဂျပန်ယဉ်ကျေးမှုလေ့လာရေးခရီး



Hasamiမြို့ဆီသို့ဂျပန်ယဉ်ကျေးမှုလေ့လာရေးအစီအစဉ်၊ဒုတိယမြောက်နေ့မှာ Hasamiမြို့၏高山(Takayama)ကြွေထည်လုပ်ငန်းမှထုတ်လုပ်သည့်ကြွေပန်းကန်၊ကြွေခွက်များပေါ်မှာမိမိနှစ်သက်ရာပန်းချီစတစ်ကာများအလှဆင်ခြင်းကိုလုပ်ဆောင်ခဲပါသည်။ကိုယ်တိုင်ကိုယ်ကျပန်းချီဒီဇိုင်းအလှဆင်းပြီးသည့်နောက်မှာစက်ရုံထဲတွင်ထပ်မံမီးဖုတ်၍အချောသပ်နောက်ဆုံးအဆင့်ကြွေပန်းကန်၊ကြွေခွက်လေးတွေရရှိလာမှာဖြစ်ပါသည်။





ထို့နောက်Hasamiရှိသမိုင်းနှင့်ယဉ်ကျေးမှုအထွေထွေကိုထိန်းသိမ်းကာပြသရန်အတွက်တည်ထားသည့်ပြတိုက်အလည်အပတ်စင်တာဆီသို့သွားရောက်လေ့လာခွင့်ရခဲ့ပါသည်။ပြတိုက်အတွင်းမှာဆိုလျှင်ကြွေထည်လုပ်ငန်းသမိုင်း၊ဒေသတွင်းယဉ်ကျေးမှုနှင့်ဗဟုသုတပညာရပ်များအားပြသခြင်းနှင့်နေ့စဉ်သွားလာသောဧည့်သည်များကိုသင်ယူအလည်အပတ်ခွင့်ရစေရန် ဖွင့်လှစ်ထားခြင်းဖြစ်ပါသည်။




 ထို့အပြင်လေ့လာသင်ယူလိုသောသမိုင်းပညာရှင်များ၊ခရီးသွားများအတွက်အထူးအရေးပါသည့်နေရာတစ်ခုဖြစ်ပြီးHasamiမြို့၏ရိုးရာယဉ်ကျေးမှုကိုအနာဂတ်မျိုးဆက်များကိုထိန်းသိမ်းကာဆက်လက်ကာကွယ်ရန်အရေးကြီးသောအခန်းကဏ္ဍကိုထမ်းဆောင်လျက်ရှိပါသည်။ယဉ်ကျေးမှုပြတိုက်သာတင်မက၊စိတ်ဝင်စားစရာမျိုးတုန်းသတ္တဝါများ၏ကျောက်ဖြစ်ရုပ်ကြွင်းပုံစံတူများ၊သမိုင်းအဆက်ဆက်များက်ိုခင်းကျင်းပြသထားသည်မှာအလွန်စိတ်ဝင်စားစရာကောင်းလှပါသည်။




ပြတိုက်လေ့လာပြီးသည့်နောက်မှာဂျပန်၏နာမည်ကြီးလက်မှုပညာတစ်ခုဖြစ်သည့်အစားအစာပုံစံတူဖန်တီးသည့်လုပ်ငန်းနေရာကိုလည်းသွားရောက်လေ့လာခွင့်ရခဲ့ပါသည်။အစားအသောက်ပုံစံတူပြုလုပ်ရခြင်းရည်ရွယ်ချက်မှာစားသောက်ဆိုင်များတွင်စားသုံးသူများအတွက်အစားအစာ၏အသွင်အပြင်ပမာဏကိုသိရှိစေနိုင်ရန်အတွက်ဖြစ်ပါသည်။ယခုHasamiမြို့ရှိအစားအသောက်ပုံစံတူတုပပြုလုပ်ခြင်းလုပ်ငန်းကိုလည်း လုပ်ဆောင်လျက်ရှိပြီး パフェ(Parfait)လို့ခေါ်သည့် အချိုပွဲ ကို


နမူနာ ပုံစံတူကို ကိုယ်တိုင်ကိုယ်ကျအတွေ့အကြုံယူ၍သင်ကြားခွင့်ရရှိခဲ့ပါသည်။

အောက်မှာပြသထားသည့်အတိုင်းအစားအသောက်နမူနာ ပုံစံတု များစွာကို မြင်တွေ့နိုင်မှာဖြစ်ပါသည်။




3ရက်မြောက်နေ့၊Hasamiမြို့ ဂျပန်ယဉ်ကျေးမှုလေ့လာရေးခရီး


Hasamiမြို့ဆီသို့တတိယမြောက်ဂျပန်ယဉ်ကျေးမှုလေ့လာရေးခရီးအစီအစဉ်မှာဆိုလျှင်ဖြင့်ကြွေထည်ရေနွေးအိုးလုပ်ငန်းတည်ရှိရှာနေရာသို့သွားရောက်လေ့လာခဲ့ပါသည်။ဂျပန်လူမျိုးအတွက်ရေနွေးကြမ်းသောက်သုံးခြင်းမှာဂျပန်ယဉ်ကျေးမှုဓလေ့တစ်ခုဖြစ်ပါသည်။ရေနွေးကြမ်းပြုလုပ်သောက်သုံးသည့်အခါတွင်လည်းကြွေထည်ပစ္စည်းများဖြစ်သည့်ရေနွေးအိုးရေနွေးကြမ်းခွက်ကိုအသုံးပြုရပါသည်။




တတိယမြောက်နေ့အစီအစဉ်မှာဆိုလျှင်ရေနွေးကြမ်းခွက်၏အဖုံးပေါ်တွင်ပန်းချီပုံများရေးဆွဲခြင်းကိုသင်ယူလေ့လာခွင့်ရခဲ့ပါသည်။အချောမသတ်ရသေးသည့်ခွက်အဖုံးပေါ်တွင်မိမိကြိုက်နှစ်သက်ရာပန်းချီဒီဇိုင်းဆွဲသား၍အခြောက်ခံကာထပ်မံမီးဖုတ်လိုက်သည့်အခါလှပသေသပ်သည့်ကြွေထည်ပစ္စည်းရရှိလာမှာဖြစ်ပါသည်။ကိုယ်တိုင်ကိုယ်ကျရေးဆွဲပြုလုပ်ခွင့်ရသည့်အပြင်လက်ဝယ်ပိုင်ဆိုင်ခွင့်ရသည်မှာအလွန်ပင်ပျော်ရွှင်ခဲ့ရပါသည်။




ရေနွေးခွက်အဖုံးပေါ်တွင်ပန်းချီဒီဇိုင်းရေးဆွဲခြင်းသာမက ကြွေထည်မဖြစ်ခင် ပုံလောင်းထားသည့် ကြောင်ပုံစံအရုပ်ထည်၊တစ်နည်းအားဖြင့်လာဘ်ခေါ်ကြောင်ရုပ်လေးများကိုလည်းမိမိကြိုက်နှစ်သက်ရာ ရေဆေးပန်းချီများဖြင့်ဆေးခြယ်ခြင်းကိုလည်းပြုလုပ်ခဲ့ပါသေးသည်။


ထို့နောက် အလွန်ပင် သင်ကြားခွင့်ရရန် ရှားပါးလှသည့် ဂျပန်၏အစားအစာတစ်ခုဖြစ်သည့် Sobaခေါက်ဆွဲပြုလုပ်ပုံကိုလည်းအတွေ့အကြုံရယူခဲ့ပါသည်။ဂျုံမှုန့်ကနေခေါက်ဆွဲအဖတ်ဖြစ်သည့်အထိဆရာမှအသေးစိတ်သေသေချာချာသင်ကြားပေးပြီးကိုယ်တိုင်ကိုယ်ကျဂျုံနှယ်ခြင်း၊ဂျုံသားဆွဲဆန့်ခြင်း၊ခေါက်ဆွဲအဖတ်ပြုလုပ်ခြင်းအစရှိသဖြင့်အဆင့်အဆင့်သင်ကြားခွင့်ရခဲ့ပါသည်။



 Sobaခေါက်ဆွဲဂျုံသားရရှိရန်အတွက်ဂျူံနှယ်ခြင်းအဆင့်မှာအင်မတန်အရေးကြီးလှပါသည်။ရေအစနှင့်ဂျုံအစမျှတဖို့အတွက်သေသေချာချာချိန်ဆ၍နယ်ရခြင်းဖြစ်ပါသည်။အကြိမ်အရေအတွက်မြောက်များစွာနယ်ပြီးသွားသည့်အခါမှာခေါက်ဆွဲအဖတ်ပြုလုပ်ရန် သင့်လျော်တဲ့ အနေအထားတစ်ခု ရောက်ရှိလာပြီးဆိုလျှင် အပြားအဖြစ် တစ်လှိမ့်တုံး အသုံးပြုကာဆွဲဆန့်ခြင်းကိုပြုလုပ်ပါသည်။သပ်ရပ်သည့်ဂျုံအပြားရလာပြီဆိုလျှင်ခေါက်ဆွဲအဖတ်ရအောင်ဓားကိုအသုံးပြုကာပါးပါးလွှာလွှာဖြစ်အောင်စိတ်ရှည်ရှည်လှီးဖြတ်ပါသည်။လှီးဖြတ်ပြီးသည့်နောက်မှာရေနွေးဖြင့်အချိန်အနည်းငယ်ပြုတ်၍sobaခေါက်ဆွဲအဖြစ်သို့ရောက်ရှိ၍ sobaခေါက်ဆွဲနှင့်めんつလို့ခေါ်သည့်ဆော့ဖြင့်တွဲဖက်စားသုံးခဲ့ပါသည်။

ခေါက်ဆွဲအေးကြိုက်နှစ်သက်သူအတွက်sobaခေါက်ဆွဲကိုစားကြည့်ဖိူ့အကြံပေးချင်ပါသည်။


Nagasakiခရိုင်Hasamiမြို့ရှိသုံးရက်တာဂျပန်ယဉ်ကျေးမှုလေ့လာရေးခရီးအစီအစဉ်မှာဆိုလျှင် sobaခေါက်ဆွဲပြုလုပ်ခြင်းအတွေ့အကြုံဖြင့်ပျော်ပျော်ရွှင်ရွင်ပြီးဆုံးခဲ့ပြီဖြစ်ပါသည်။





 ထို့နောက်Hasamiမြို့အတွင်း လုပ်ငန်းလုပ်ကိုင်သူ ၊နေထိုင်သူ၊သုံးရက်တာလေ့လာရေးခရီးအစဉ်များအတွက်သင်ကြားကူညီပေးသည့်ဆရာဆရာမများနှင့်အတူသုံးရက်တာလေ့လာရေးခရီး၏အတွေ့အကြုံ၊အမြင်များကိုမျှဝေဖလှယ်၍မသိနားမလည်သည်များကို အပြန်အလှန် မေးခွန်းများမေးမြန်းကာ ဗဟုသုတ များစွာ ရရှိခဲ့ပြီး ပျော်ရွှင်စရာ အချိန်လေးဖြစ်ခဲ့ပါသည်။နောက်ဆုံးအနေဖြင့် Hasamiမြို့ဆီသို့သုံးရက်တာလေ့လာရေးခရီးအစီအစဉ်ကို အစစအရာရာကူညီပံပိုးပေးသည့် ဆရာဆရာမများကိုကျေးဇူးတင်စကားပြော၍ Hasamiမြို့ဆီမှ နှုတ်ဆက်ထွက်ခွါခဲ့ပါသည်။


Nagasaki International University နှင့်

 Nagasaki Junior College ကျောင်းနှစ်ကျောင်းပူးပေါင်းဆောင်ရွက်သည့်ဂျပန်ယဉ်ကျေးမှုလေ့လာရေးခရီးမှာဆိုလျှင်ကျွန်တော်အတွက်တော့ အမှတ်တရများစွာနှင့် အတွေ့အကြုံ အသစ်များစွာရရှိခဲ့ရပါသည်။

出と新しい経験を得られる貴重な機会となりました。

Report

​レポート言語:        

မြန်မာ

© 2025 Craft Kyushu

bottom of page