top of page
< Back

KHUN SET AUNG

Hasami Town တွင်လေ့ကျင့်ရေး

波佐見体験

ဟာဆာမိမြို့သို့ သွားရောက်လေ့လာခြင်း။


ပထမဦးဆုံးအနေနဲ့ ဟာဆာမိမြို့ဆိုတာ ဘယ်လိုမြို့လဲဆိုတာကိုပြောပြချင်ပါတယ်။ဟာဆာမိမြို့သည် ဂျပန်နိုင်ငံ၊နာဂါဆာခီခရိုင်အတွင်းရှိသေးငယ်သောမြို့တစ်ခုဖြစ်ပါသည်။အဆိုပါမြို့သည်ပန်းကန်ပုလင်းနှင့်ကြွေထည်များထုတ်လုပ်သည့်နေရာအဖြစ်နာမည်ကြီးပြီးဟာဆာမိယာကီဟူသောရိုးရာပန်းကန်များဖြင့်အထူးနာမည်ကြီးပါသည်။သဘာဝအလှအပနှင့်ရိုးရာယဉ်ကျေးမှုတို့ကိုခံစားရန်လာရောက်လည်ပတ်သူများအတွက်သာယာသာနေရာတစ်ခုဖြစ်သည်။မိသားစုနှင့်အတူငြိမ်းချမ်းစွာနေထိုင်ရန်၊ရိုးရာပန်းကန်များကိုလေ့လာရန် အကောင်းဆုံးနေရာတစ်ခုလည်းဖြစ်ပါသည်။



အဆိုပါမြို့သို့ Nagasaki Junior College မှဆရာမ၊ကျောင်းသားကျောင်းသူများနှင့် Nagasaki InternationalUniversityမှဆရာမ၊ကျောင်းသားကျောင်းသူများနှင့်အတူသုံးရက်တာသွားရောက်လေ့

လာခွင့်ရခဲ့ပါတယ်။


ပထမဆုံးနေ့သွားရောက်လေ့လာခြင်း။


ပထမဦးဆုံးနေ့မှာတော့ Takayama လို့ခေါ်တဲ့ Company ရဲ့ လုပ်ငန်းခွင်ထဲမှာ ပန်းကန်တွေဘယ်လိုထုတ်လုပ်တယ် ကြွေထည်တွေကိုဘယ်လိုထုတ်လုပ်တယ်ဆိုတာကို Company ရဲ့လူကြီးကသေသေချာချာလိုက်ပါရှင်းပြပီးတော့ကိုယ်တိုင်ဝင်ရောက်လေ့လာဖြစ်ခဲ့ပါတယ်။ပန်းကန်တစ်ခုဖြစ်လာဖို့ လွယ်လွယ်လေးလို့အစပိုင်းမှာထင်ခဲ့ပေမဲ့ သုံးဆွဲနိုင်တဲ့အဆင့်တစ်ခုအထိရောက်လာဖို့ အဆင့်တွေအများကြီးကျော်ဖြတ်ပြီးမှရလာတယ်ဆိုတာကိုသိခဲ့ရပါတယ်။အဲ့ဒါအပြင် ဂျပန်နိုင်ငံရဲ့နောက်ဆုံးပေါ်ကြွေထည်တွေ၊ပန်ကန်တွေဖုတ်တဲ့စက်ကြီးကိုဟာဆာမိလို့ခေါ်တဲ့မြို့ငယ်လေ



နေ့လည်ခင်းပိုင်းမှာတော့ဟာဆာမိရဲ့နာမည်ကြီးလှတဲ့ထင်းမီးနဲ့ဖုတ်တဲ့pizzaကိုကိုယ်တိုင်သင်ယူခွင့်ရခဲ့ပြီး အကုန်လုံးနဲ့ pizza ကိုလုပ်ပြီးတော့ ကိုယ်တိုင်လုပ် pizza ကိုစားခဲ့ပါတယ်။ကိုယ်တိုင်ကလည်း pizzaကိုအရမ်းကြိုက်တဲ့အတွက်ကြောင့်အခုလိုသင်ယူခွင့်ရခဲ့တဲ့အတွက်တကယ်ကိုပျော်ရွှင်ခဲ့ရပါတယ်။


ညနေပိုင်းမှာကတော့ရွှံ့စေးကနေခွက်လုပ်တာကိုသင်ယူခဲ့ရပါတယ်။Dramaကားတွေထဲမှာလည်းအများကြီးကြည့်ခဲ့ဖူးတာကြောင့်လုပ်တာကိုလွယ်လွယ်လေးလို့ထင်ခဲ့ပေမဲ့တကယ်ကိုယ်တိုင်လုပ်ကြည့်တဲ့အခါမှာလုံးဝကိုမလွယ်ကူတာကိုသိခဲ့ရပါတယ်။ဒါပေမဲ့သင်ပေးတဲ့ဆရာတွေကသေချာသင်ပေးတာကြောင့် ကြိုးစားပြီးအကောင်းဆုံးလုပ်ခဲ့ပါတယ်။တကယ်ကိုအများကြီးဗဟုသုတရခဲ့ရပါတယ်။




ပထမဆုံးနေ့ကတော့ဒီလောက်နဲ့လေ့လာတကိုရပ်ပြီးအကုန်လုံးအိမ်ကိုကျောင်းကားနဲ့ပြန်လာခဲ့ကြပါတယ်။







波佐見体験 2日

ဟာဆာမိသို့သွားရောက်လေ့လာခြင်း။

နှစ်ရက်မြောက်နေ့


ဒုတိယမြောက်နေ့ရဲ့မနက်ခင်းပိုင်းမှာတော့ဟာဆာမိရဲ့သမိုင်းကြောင်းပြတိုက်လို့ခေါ်လို့ရတဲ့ဟာဆာမိရဲ့ပြတိုက်မှာဟာဆာမိရဲ့သမိုင်းကြောင်းကိုလေ့လာဖြစ်ခဲ့ပါတယ်။နှစ်ပေါင်းများစွာကြာပြီဖြစ်တဲ့သမိုင်းဝင် ပစ္စည်းတွေကို လေ့လာခွင့်ရခဲ့ရပါတယ်။အဲ့ဒီအပြင် နိုင်ငံခြားမျိုးစိတ်ရှေးဟောင်းရုပ်ကြွင်းတွေဖြစ်တဲ့ ဒိုင်နိုဆောတွေရဲ့ ပုံတူရုပ်ကြွင်းတွေကိုလည်းလေ့လာခွင့်ရခဲ့ပါတယ်။


ပြတိုက်ကိုလေ့လာပြီးတဲ့နောက်မှာတော့စားသောက်ဆိုင်တွေမှာsampleအဖြစ်ထားတဲ့စားစရာပုံစံတူငယ်လေးတွေပြုလုပ်ပုံကိုလေ့လာသင်ယူခွင့်ရခဲ့ပါတယ်။အရမ်းကိုအသေးစိတ်ဆန်ပြီးတော့အံ့ဩဖို့ကောင်းပါတယ်။အချို့ဟာလေးတွေဆိုရင်အစစ်လားအတုလားဆိုတာတောင်ဝေခွဲလို့မရတာလေးတွေရှိပါတယ်။ကျွန်တော်တို့ကတော့ပုံစံငယ်လေးအဖြစ်ရေခဲမုန့်ပုံစံငယ်ပြုလုပ်တာကိုလေ့လာသင်ယူခွင့်ရခဲ့ပါတယ်။

ပုံစံတူငယ်လေးတွေလုပ်ပြီးတဲ့အခါမှာတော့ ကျွန်တော်တို့ ခွက်လေးတွေ၊ပန်းကန်ပြားလေးတွေပေါ်မှာ ကိုယ်စိတ်ကြိုက်ပုံ stickers  လေးတွေကိုကပ်ကြပါတယ်။မီးပြန်ဖုတ်လိုက်တဲ့အခါမှာတော့ stickers



ပေါ်ကပုံတွေကဖန်ခွက်သားနဲ့တစ်သားထဲဖြစ်သွားတာကိုတွေ့ရပါတယ်။အဲ့ဒီခွက်လေးတွေကိုလက်ဆောင်အဖြစ်ရခဲ့ပါတယ်။


အဲ့ဒီနောက်မှာတော့အာလုံးနဲ့အတူထမင်းဘူးလက်စုံစားခဲ့ကြပါတယ်။တကယ်ကိုအရသာရှိတဲ့ထမင်းဘူးဖြစ်ခဲ့ပါတယ်။


ညနေပိုင်းမှာတော့အာလုံးနဲ့အတူတူမြစ်ချောင်းထဲမှာအရင်ခေတ်ရဲ့ပန်းကန်ကွဲစအကြွင်းအကျန်လေးတွေကိုလိုက်ရှာကြပါတယ်။လိုက်ရှာလို့ရလာတဲ့အပိုင်းအစတွေကိုကျွမ်းကျင်တဲ့သူကဘယ်ခေတ်ကအပိုင်းအစပါဆိုပြီးကျွန်တော်တို့ကိုရှင်းပြပေးခဲ့ပါတယ်။မိမိကောက်လာတဲ့အပိုင်းအစကအရမ်းကိုမှနှစ်ပေါင်းကြာနေတဲ့ဟာဖြစ်နေရင်တကယ်ကိုဝမ်းသာခဲ့ရပါတယ်။အဲ့ဒီနောက်မှာတော့မိမိကောက်လာတဲ့အပိုင်းအစလေးတွေနဲ့လူသုံး accessories တွေပြုလုပ်ခဲ့ကြပါတယ်။



ပေါ်ကပုံတွေကဖန်ခွက်သားနဲ့တစ်သားထဲဖြစ်သွားတာကိုတွေ့ရပါတယ်။အဲ့ဒီခွက်လေးတွေကိုလက်ဆောင်အဖြစ်ရခဲ့ပါတယ်။


အဲ့ဒီနောက်မှာတော့အာလုံးနဲ့အတူထမင်းဘူးလက်စုံစားခဲ့ကြပါတယ်။တကယ်ကိုအရသာရှိတဲ့ထမင်းဘူးဖြစ်ခဲ့ပါတယ်။


ညနေပိုင်းမှာတော့အာလုံးနဲ့အတူတူမြစ်ချောင်းထဲမှာအရင်ခေတ်ရဲ့ပန်းကန်ကွဲစအကြွင်းအကျန်လေးတွေကိုလိုက်ရှာကြပါတယ်။လိုက်ရှာလို့ရလာတဲ့အပိုင်းအစတွေကိုကျွမ်းကျင်တဲ့သူကဘယ်ခေတ်ကအပိုင်းအစပါဆိုပြီးကျွန်တော်တို့ကိုရှင်းပြပေးခဲ့ပါတယ်။မိမိကောက်လာတဲ့အပိုင်းအစကအရမ်းကိုမှနှစ်ပေါင်းကြာနေတဲ့ဟာဖြစ်နေရင်တကယ်ကိုဝမ်းသာခဲ့ရပါတယ်။အဲ့ဒီနောက်မှာတော့မိမိကောက်လာတဲ့အပိုင်းအစလေးတွေနဲ့လူသုံး accessories တွေပြုလုပ်ခဲ့ကြပါတယ်။




波佐見体験DAY THREE

ဟာဆာမိသို့သွားရောက်လေ့လာခြင်း။

သုံးရက်မြောက်နေ့။


သုံးရက်မြောက်နေ့ကတော့ ဟာဆာမိသို့သွားရောက်လေ့လာတဲ့နောက်ဆုံးရက်ဖြစ်ပါတယ်။


မနက်ခင်းပိုင်းမှာတော့ Sasebo မြို့မှစထွက်လာခဲ့ကြပြီးNagasaki International University မှကျော င်းသား၊ကျောင်းသူများကိုဝင်ရောက်ပြီးခေါ်ခဲ့ကြပါတယ်။ဟာဆာမိမြို့ကိုသွားရောက်လေ့လာတဲ့ခရီးဆိုပေမဲ့အခြားနိုင်ငံကကျောင်းသားကျောင်းသူများပါဝင်တာကြောင့်အခြားနိုင်ငံရဲ့ယဉ်ကျေးမှုအကြောင်းအရာတွေကိုပါစကားပြောဆိုကြရင်းနဲ့သိခဲ့ရပါတယ်။


ပထမဦးဆုံးဟာဆာမိမြို့ကိုရောက်ရောက်ချင်းမှာပဲကျွန်တော်တို့ဟာအိခိုမိလို့ခေါ်တဲ့ကိုယ်လုပ်တဲ့ဖန်ခွက်၊ပန်းကန်ပြားတွေကိုမသွန်းလုပ်ခင်ကိုယ်ကြိုက်တဲ့ပုံစံရေးဆွဲပြီးတော့ပုံဖော်တဲ့အဆင့်ကိုလေ့လာခဲ့ကြပါတယ်။အများကြီးကိုစိတ်ဝင်စားဖို့ကောင်းခဲ့ပါတယ်။စိတ်ကိုတည်ငြိမ်စေပြီးတော့တကယ်ကိုအနုပညာဆန်တဲ့အလုပ်လို့ထင်ပါတယ်။ကျွန်တော်ကတော့အဲ့ဒီနေ့မှာပန်းပုံကိုရေးဆွဲခဲ့တာဖြစ်ပြီးတော့ဆရာ၊ဆရာမတွေဆီကနေကောင်းကောင်းရေးဆွဲနိုင်ခဲ့တာပဲလို့ချီးကျူးခံခဲ့ရတဲ့အတွက်တကယ်ကိုဝမ်းမြောက်ခဲ့ရပါတယ်။


အဲ့ဒီနောက်မှာတော့ဟာဆာမိကသင်ပေးတဲ့ဆရာကကျွန်တော်တို့ကိုgameဆော့ခိုင်းပြီးတော့အနိုင်ရတဲ့သူကိုဖန်ခွက်လေးတစ်ခွက်စီလက်ဆောင်ပေးခဲ့ပါတယ်။ကျောက်သင်းပုံးပေါ်မှာမီးတောက်ပုံစံကိုဆွဲထားပီးတော့အလယ်မှာအပေါက်ဖောက်ထားပါတယ်။အဲ့အပေါက်ထဲကိုထင်းချောင်းတွေကိုဝင်အောင်ပစ်ရတာပါ။ကျွန်တော်ကတော့သုံးချောင်းပစ်တာမှာနှစ်ချောင်းဝင်ခဲ့တဲ့အတွက်ကြောင့်ဖန်ခွက်လေးတစ်ခွက်ကိုလက်ဆောင်အဖြစ်ရခဲ့ပါတယ်။

ကြောင်ရုပ်လေးပေါ်မှာဆေးခြယ်ခြင်းကိုလည်းပထမဦးဆုံးလေ့လာသင်ယူခွင့်ရခဲ့ပါတယ်။ဘယ်လိုဆေးခြယ်ရမယ်ဆိုတာကိုတော့သတ်မှတ်ထားခြင်းမရှိဘဲနဲ့ကိုယ်စိတ်ကူးစိတ်သန်းရှိသလိုဆေးခြယ်ခွင့်ရှိပါတယ်။ကျွန်တော်တို့ဟာသူငယ်ချင်းတွေနဲ့စကားပြောဆိုကြရင်းနဲ့မိမိရဲ့ကြောင်ရုပ်ကလေးကိုလှလှပပဖြစ်အောင်ဆေးခြယ်ကြပါတယ်။ကျွန်တော်ကတော့ပီကာချူးလို့ခေါ်တဲ့ကာတွန်းကောင်လေးကိုမျက်လုံးထဲမြင်ယောင်ပြီးတော့ကျွန်တော့်ကြောင်ရုပ်လေးကိုဆေးခြယ်ခဲ့ပါတယ်။

နေ့လည်စာအတွက်ကတော့ကျွန်တော်တို့ဟာဂျပန်ရဲ့ဆိုဘကိုကိုယ်တိုင်ပြုလုပ်ပြီးစားရမှာဖြစ်ပါတယ်။Companyရဲ့တာဝန်ရှိသူကဆိုဘလုပ်တာကိုသင်ကြားပေးပြီးတော့ကျွန်တော်တို့ကလိုက်ပါပြုလုပ်ခဲ့ကြပါတယ်။ပုံမှန်ဆိုရင်ဆိုဘကိုမကြိုက်ပေမဲ့အဲ့နေ့ကတော့ထူးထူးခြားခြားအရသာရှိနေခဲ့ပါတယ်။ကိုယ်တို








င်ပြုလုပ်ပီးစားရတဲ့အတွက်ကြောင့်လည်းဖြစ်ပါလိမ့်မယ်။ဆိုဘလုပ်တာကလည်းစိတ်ကိုတည်ငြိမ်စေပါတယ်။အဲ့နေ့ရဲ့နေ့လည်စာကတော့ဆိုဘအပြင်မြို့ခံတွေကတန်ပူရာကြော်တွေပါလုပ်ကျွေးခဲ့ပါတယ်။တကယ်ကိုစားလို့အရမ်းကောင်းခဲ့ပါတယ်။

နေ့လည်စာစားပီးတဲ့နောက်မှာတော့သုံးရက်တာလေ့လာရေးခရီးမှာဘယ်လိုအခက်အခဲတွေ၊ဘယ်လိုထင်မြင်မှုတွေရှိတဲ့အကြောင်းမြို့ခံလူတွေနဲ့ဆွေးနွေးခဲ့ကြပါတယ်။ကျောင်းသား၊ကျောင်းသူများမှလည်းကိုယ်သိချင်တဲ့မေးခွန်းအမျိုးမျိုးကိုမြို့ကတာဝန်ရှိသူတွေထံမေးမြန်းခဲ့ကြပါတယ်။တကယ်ကိုဗဟုသုတအများကြီးရခဲ့ရပြီး ပျော်ရှင်ဖို့ကောင်းတဲ့လေ့လာရေးခရီးဖြစ်ခဲ့ပါတယ်။




မြို့ခံများနှင့်ကျောင်းသားကျောင်းသူများဆွေးနွေးနေစဉ်။


Report

​レポート言語:        

မြန်မာ

© 2025 Craft Kyushu

bottom of page