top of page
< Back

ピュー

ဟစမိမြို့ကလေ

波佐見町 (ဟစမိမြို့ကလေး)

ဟစမိမြို့လေးဟာဆိုရင်တော့ သမိုင်းဝင်မြို့လေးလို့ပြောရင်လည်းမမှားပါဖူးရှင့်။ ခေတ်အဆက်ဆက်ကနေလက်ဆင့်ကမ်းလာတဲ့ယဉ်ကျေးမှုအမွေနှစ်ကိုဆက်ခံထားပီး ပြန်လည်သေချာ ထိန်းသိမ်းပြီးပြသာထားတဲ့ သမိုင်းဝင်ပြတိုက်လည်းရှိပါတယ်။




ပန်းကန်ခွက်ယောက်လုပ်ငန်း

ဟစမိမြို့လေးရဲ့ အဓိကလုပ်ငန်းလို့ပြောရင် ပန်းကန်၊ ခွက်အစသဖြင့်ကိုပြုလုပ်တဲ့လုပ်ငန်း ဖြစ်ပါတယ်။ အလွန်စိတ်ဝင်စားစရာကောင်းပြီး အနုပညာလက်ရာမြောက်တဲ့ လုပ်ငန်းတခုဖြစ်

ပါတယ်။


 ရုပ်ပုံများဆေးခြယ်သခြင်း

ခွက်၊ပန်းကန်များပေါ်တွင် ပုံများကို ဆွဲခြယ်ခြင်းဖြစ်ပါတယ် ။ ပုံဆွဲရန် ခက်ခဲ သော ကျွန်မအတွက်ကတော့ ခုလို ပြထားတဲ့ ရုပ်ပြလေးတွေကို မိမိစိတ်ကြိုက်ပုံဖော်ပီး ကပ်လိုက်ပီ မီးပြန်ကင်ပြီးရင်လှပတဲ့ခွက်လေရရှိပါမယ်။




စားသောက်ဆိုင်များတွင်အသုံးပြုသောပလတ်စတစ် အစားအစာပုံစံများပြုလုပ်ခြင်းလုပ်ငန်း


တကယ့် အစားအစာအစစ်တိုင်း နမူနာယူပြီးပြုလုပ်ထားသဖြင့် အလွန်ပင် အစစ်နဲ့တူပါတယ်။

ဤပုံတူပစ္စည်းများကို ပလတ်စတစ် ၊ ဖယောင်းတို့ဖြင့်ပြုလုပ်ပြီး အသေးစိတ်ကျသော ပုံစံတူလက်လုပ်ပစ္စည်းဖြစ်ပါတယ်။ အရမ်းကိုစိတ်ဝင်စားဖို့ကောင်းပါတယ်။ စားသောက်ဆိုင်များ၏  မီနူးများကို နမူနာပြသသည့်နေရာတွင် ဆွဲဆောင်မှုတမျိုးအနေဖြင့် လှပမှုကို  ပြသသည့် 

အရာတမျိုးဖြစ်ပါတယ်။ 

လွန်ခဲ့သောနှစ်ပေါင်းများစွာကြာရှိပီဖြစ်သောကြွေထည်အပိုင်းအစများဖြင့် လည်ဆွဲများလည်း ပြုလုပ်နိုင်ပါတယ်။ ဟစမိ မြို့လေးသည် သမိုင်းဝင် အမွေအနှစ်များဖြင့် ဆက်နွယ် ရစ်ပတ်နေသလို ခံစားရပါတယ်။ 




Report

​レポート言語:        

မြန်မာ

© 2025 Craft Kyushu

bottom of page