top of page
< Back

EI MON KHAING

Hasami မြို့ ခရီးစဉ်

မင်္ဂလာပါရှင်။ကျွန်မကတော့9လပိုင်း17ရက်နေ့နှင့်18ရက် နေ့တွင်波佐見町သို့သွားခဲ့သောလေ့လာရေးခရီးနဲ့ပတ်သပ်ပြီးမျှဝေပေးချင်ပါတယ်ရှင့်။


1.ပထမဦးစွာ စက်တင်ဘာလ ၁၇ရက်နေ့မှာ波佐見町၏pizzaဆိုင်သို့ရောက်ရှိခဲ့ပြီးpizzaလုပ်ငန်းကိုကျွမ်းကျင်စွာသိရှိထားသောဆိုင်ပိုင်ရှင်များနှင့်တွေ့ဆုံကာမိတ်ဆက်စကားပြောဆိုခဲ့ရပါတယ်ရှင့်။အဲ့ဒီမှာနေ့လည်စာစားသုံးရန်အတွက်pizzaကိုကိုယ်တိုင်ပြုလိုက်ခဲ့ရပါတယ်ရှင့်။ပထမဦးဆုံးpizzaကိုစလုပ်ဖူးတဲ့အတွက်ကျွန်မတို့သူငယ်ချင်း4‌ေယာက်စိတ်ပါဝင်စားစွာဖြင့်သေချာလေးပြုလုပ်ခဲ့ကြပါတယ်ရှင့်။


波佐見町写真



ピザ体験

  

ပြုလုပ်ပြီးတဲ့အချိန်မှာကိုယ်ပြုလုပ်ထားတဲ့pizzaလေးတေမှာနာမည်အမှတ်သားလေးများပေးပြီးpizzaပိုင်ရှင်ဦးလေးကြီးကမီးဖုတ်ပေးပါတယ်။အဲ့နောက်မှာစားဖို့အဆင်သင့်ဖြစ်နေတဲ့pizzaပူပူလေးများကိုသူငယ်ချင်းများနှင့်စက


ピザ体験写真

ားလက်ဆုံပြောရင်းသုံးဆောင်ခဲ့ကြပါတယ်ရှင့်။ပြန်တဲ့အချိန်မှာpizzaများကိုထည့်‌ပေးလိုက်ပါ‌ေသးတယ်ရှင့်။pizzaဆိုင်ကအဖိုးနဲ့အဖွားကအရမ်းကိုသဘောကောင်းကာအများကြီးပျော်ရွှင်ခဲ့ရပါတယ်ရှင့်။



အဲ့‌ဒီနောက်မှာတော့ ikomiပြုလုပ်တဲ့နေရာဆီသွားခဲ့ကြပါတယ်ရှင့်။အဲ့ဒီမှာသင်ပြပေးတဲ့ဆရာကအရမ်းသဘောကောငးပြီးikomiလုပ်ငန်းနဲ့ပတ်သပ်ပြီးအသေးစိတ်သေချာ‌ရှင်းပြပေးခဲ့ပါတယ်ရှင့်။အဲ့ဒီနောက်မှ招き猫လို့ခေါ်တဲ့လက်ခေါ်ကြောင်လေးကိုလည်းကိုယ်တိုင်ပြုလုပ်ခဲ့ရပါသေးတယ်ရှင့်။အရင်ဆံုးအဖြူကြောင်ရုပ်လေးကိုလုပ်ပြီးကိုယ့်ဘာသာ‌ေကြာင်ပုံစံလေးဖြစ်လာအောင်ပြုလုပ်ရတာကအရမ်းကိုစိတ်ဝင်စားဖို့ကောင်းပါတယ်ရှင့်။ကိုယ်လုပ်ထားတဲ့အရုပ်လေးတေကိုလည်းလက်ဆောင်ထည့်ပေးလိုက်ပါတယ်ရှင့်။အခုလိုမျိုးကြောင်ရုပ်‌ေလး‌ေတကိုပထမဦးဆံုးလက်တွေ့လုပ်‌ကြည့်ဖူးတဲ့အတွက်အရမ်းကိုပျော်ခဲ့ရတဲ့ ခရီးလေးဘဲဖြစ်ခဲ့ရပါတယ်။



藤田鋳込み所写真




2.ဒုတိယနေ့စက်တင်ဘာ18ရက်နေ့မှာတော့波佐見町歴史文化交流館သို့သွားရောက်လေ့လာခဲ့ရပါတယ်ရှင့်။ 博物館ရဲ့ပြတိုက်ကရှေးယခင်က 波佐見町ရဲ့社長နေခဲ့တဲ့အိမ်လို့သိရှိခဲ့ရပါတယ်။

အဖွဲ့လိုက်လေ့လာနေကြပုံ


波佐見歴史文化資料館

တာဝန်ခံဦးလေးတစ်ယောက်ကတာဝန်ခံဦးလေးတစ်ယောက်က波佐見町ရဲ့အမျိုးမျိုးသောသမိုင်းတေကိုစိတ်ရှည်စွာဖြင့်ရှင်းပြပေးခဲ့ပါတယ်ရှင့်။ထို့နောက်နေ့လည်စာစားရန်အတွက်စားသောက်ဆိုင်သို့သွားခဲ့ပါတယ်။ထမင်းစားရင်း သူငယ်ချင်းများနှင့် မြို့ရဲ့ အမျိုးမျိုးသော အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။


波佐見町အနုပညာပြတိုက်၏ပုံများ


波佐見歴史文化資料館

 နောက်ဆုံးသွားခဲ့ရတဲ့ဆိုင်လေးကတော့サンプル食品လို့ခေါ်တဲ့ပုံအတုလုပ်တဲ့ဆိုင်နှင့်ပန်ကန်ပြားလုပ်တဲ့ဆိုင်သို့သွားရောက်လေ့လာခဲ့ပြီး၊ကိုယ်တိုင်လည်းစမ်းသပ်ကြည့်လုပ်ကြည့်ခဲ့ပါတယ်။ကိုယ်တိုင်ပန်ကန်ပြားလုပ်တဲ့အချိန်ကခက်ခဲပေမဲ့ဆရာကစိတ်ရှည်ရှည်နဲ့သင်ပေးခဲ့တဲ့အတွက်နောက်ဆုံးမှာတော့ပန်ကန်ပြားလေးလုပ်နိုင်ခဲ့တဲ့အတွက်အရမ်းကိုပျော်ခဲ့ရပါတယ်။


波佐見町ခရီးကအလွန်ကိုစိတ်ဝင်စားဖို့ကောင်းပြီးတော့

体験したもの

 ခရီးသွားများအတွက် သွားရောက်လည်ပတ်ဖို့ကောင်းတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။ကျွန်မလည်း‌ေနာက်တစ်ကြိမ်အခွင့်အရေးရှိရင် ဒီခရီးမှာ ပါဝင်ချင်ပါ‌ေသးတယ်။ထိုခရီးစဉ်သည်ကျွန်မအတွက် ဗဟုသုတများစွာရရှိခဲ့ပြီး အလွန်ကိုပျော်စရာ‌ေကာင်းသောခရီးစဉ်တခုဖြစ်ခဲ့ပါသည်။


Report

အစီရင်ခံစာဘာသာစကား :

မြန်မာ

© 2025 Craft Kyushu

bottom of page