ဤဝဘ်ဆိုဒ်ကို ဘာသာစကားများစွာဖြင့်ကြည့်ရှုနိုင်ပါသည်။ ညာဘက်အောက်ခြေရှိ ဘားမှ သ င်နှစ်သက်သော ဘာသာစကားကို ရွေးချယ်ပါ။
အကောင်းစားရှူး | Kyushu တွင်နေထိုင်သော နိုင်ငံတကာကျောင်းသားတစ်ဦးမှ ရိုးရာလက်မှုပညာ၏ တကယ့်အတွေ့အကြုံများနှင့် စိတ်လှုပ်ရှားဖွယ်ရာအကြောင်း အစီရင်ခံစာ

EI THINZAR KO
ဟဆမီလက်မှုအတွေ့အကြုံ
Hasamiမြို့သို့၂ရက်တာလေ့လာရေးခရီးစဥ်
Hasami မြို့သို့ နိုင်ငံခြားသားပညာတော်သင်ကျောင်းသားအဖြစ်ဒုတိယအကြိမ်မြောက် ၂ ရက်တာ ထပ်မံလေ့လာခွင့်ရခဲ့ပါသည်။ Hasami မြိ ု့သည် ဂျပန်ရိုးရာ ကြွေထည်ပစ္စည်း Hasami ထည် ၏ မွေးရာမြေ ဖြစ်ပြီး၊ နှစ် 400 ကျော် သမိုင်းကြောင်းရှိပါသည်။ ထိုကြောင့် Hasami ထည်၏ ကျက်သရေကို ကိုယ်တိုင် မြင်တွေ့ လက်တွေ့ ခံစားနိုင်ခဲ့ပြီး၊ မြေအိုးပြုလုပ်ခြင်း၏နူးညံ့သိမ်မွေ့မှုနှင့် ဂျပန်ယဉ်ကျေးမှု၏ နက်နဲမှုတို့ကိုလည်း လေ့လာနိုင်ခဲ့ပါသည်။ ထို့အပြင် Hasami ထည်သည် ပါးလွှာသန့်ရှင်းသော အဖြူရောင် မြေအိုးများဖြင့်ထူးခြားပြီး၊ရိုးရာနည်းစဉ်များကိုထိန်းသိမ်းထားသော်လည်းခေတ်မီဒီဇိုင်းများနှင့် ပေါင်းစပ်ထုတ်လုပ်ထားသည့် ထုတ်ကုန်များကြောင့်နိုင်ငံအနှံ့ကျော်ကြားပါသည်။

ပထမနေ့ပထမဆုံးအနေနဲ့ဂျပန်ရိုးရာခေါက်ဆွဲ(soba)ပြုလုပ်ခြင်းကိုလေ့လာခဲ့ပါသည်။ဂျုံမှုန့်ကနေစတင်ပြီး ကိုယ်တိုင် ခေါက်ဆွဲအဖြစ် ပြုလုပ်ခဲ့ရတာမို့ အလွန် စိတ်လှုပ်ရှားမိခဲ့ပါသည်။ ပထမအကြိမ်မှာသင်ခန်းစာရှိခဲ့သော်လည်းသူငယ်ချင်းများကကူညီပေးကြသဖြင့်အောင်မြင်ခဲ့ပါသည်။ဒါကြောင့်ဒီတစ်ခေါက်မှာလည်းတချို့စိုးရိမ်မှုများရှိခဲ့ပါသည်။သို့သော်သင်ကြားပေးသူကရေနှင့်မုန့်သားကိုအချိုးကျထည့်သည့်နည်း၊လက်ဖြင့်နယ်သည့်နည်းစသည့်အဆင့်ဆင့်ကို အသေးစိတ် သင်ကြားပေးခဲ့ပါသည်။ ထိုအချိန်က ဂျပန်ရိုးရာ soba ခေါက်ဆွဲ၏ အရသာရှိခြင်းအကြောင်းကိုနားလည်လာခဲ့ပါသည်။
နေ့လည်စာစားပြီးနောက် Hasamiမြို့ရဲ့ ကြွေထည်စက်ရုံကို သွားရောက်လေ့လာခဲ့ပါသည်။ ထိုစက်ရုံတွင် ခေတ်မီစက်ပ စ္စည်းများကိုအသုံးပြုပြီး ကြွေထည်များကို ထုတ်လုပ်နေသည်ကို မြင်တွေ့နိုင်ခဲ့ပါသည်။ ကုန်ကြမ်းပြင်ဆင်ခြင်း၊ ပုံသွင်းခြင်း၊ မီးဖုတ်ခြင်း၊ အလှဆင်ခြင်း၊ အရောင်တင်ခြင်း၊ နောက်ဆုံးအဆင့်အဖြစ်

အရည်အသွေးစစ်ဆေးပြီး ထုပ်ပိုးရောင်းချသည့် အဆင့်ဆင့်ကိုလည်း လေ့လာနိုင်ခဲ့ပါသည်။ Hasami တွင် နောက်ဆုံးပေါ် မီးဖိုစက်များကို အသုံးပြုထားသဖြင့် လိုအပ်သည့် အပူချိန်နှင့် ကြာချိန်ကို တိကျစွာ ထိန်းချုပ်နိုင်ကြပါသည်။

နောက်ဆုံးတွင် ကိုယ်နှစ်သက်ရာ ပန်းကန်၊ ခ ွက်များကို ရွေးချယ်ပြီး ပန်းချီဆေးဖြင့် အလှဆင်သည့်workshopတွင်ပါဝင်ခွင့်ရခဲ့ပါသည်။မည်သည့်အရာမှမရေးခြယ်ထားသေးသော မြေထည်ခွက်ကို ကိုယ်ပိုင် ဒီဇိုင်းဖြင့် အလှဆင်နိုင်ခဲ့ပြီး၊ နောက်ဆုံး အပြီးသတ် ဖန်တီးထားသည့် ပစ္စည်းကို ကိုယ့်လက်ထဲရောက်လာမည့်နေ့ကို စိတ်လှုပ်ရှားစွာ စောင့်မျှော်နိုင်ခဲ့ပါသည်။

ဒုတိယနေ့ဒုတိယနေ့မှာတော့ပထမဆုံးအနေနဲ့Hasamiမြို့ရဲ့ပြတိုက်သို့သွားရောက်လေ့လာခွင့်ရခဲ့ပါသည်။ ပြတိုက်တွင် Hasami မြို့၏ ခေတ်အဆက်ဆက် သမိုင်း၊ ကြွေထည်လုပ်ငန်းသမိုင်း၊ ဒေသအတွင်းယဉ်ကျေးမှ ုနှင့်ပညာရပ်များ၊ယဉ်ကျေးမှုအထွေထွေကို ထိန်းသိမ်းပြသထားပြီး ခရီးသွားဧည့်သည်များအတွက် လေ့လာခွင့်ရစေရန်ဖွင့်လှစ်ထားပါသည်။

ထို့အပြင်လေ့လာသင်ယူလိုသည့်ပညာရှင်များ၊ခရီးသွားများအတွက်အရေးကြီးသောနေရာတစ်ခုဖြစ်ပြီး Hasamiမြို့၏ ရိုးရာယဉ်ကျေးမှုကို အနာဂတ်မျိုးဆက်များသို့ ထိန်းသိမ်းကာ ဆက်လက်ကာကွယ်ရန် အရေးကြီးသော အခန်းကဏ္ဍကို ထမ်းဆောင်လျက်ရှိသည်။ ထို့အပြင်စိတ်ဝင်စားစရာမျိုးတုန်သတ္တဝါများ၏ကျောက်ဖြစ်ရုပ်စွမ်းပုံစံများ၊သမိုင်းအဆက်ဆက်ကိုခင်းကျင်းပြသထားသည့်အရာများလည်းအလွန်စိတ်ဝင်စားဖွယ်ကောင်းပါသည်။
ပြတ ိုက်လေ့လာပြီးနောက်ကြွေထည်ပစ္စည်းတစ်ခုဖြစ်လာရန်အရေးကြီးသောအစိတ်အပိုင်းဖြစ်သည့် ရွှံ့မြေမှ စတင်ဖွဲ့စည်းခြင်း လုပ်ငန်းစဉ်ကို ကိုယ်တိုင်သင်ယူခွင့်ရခဲ့ပါသည်။

ကိုယ်နှစ်သက်ရာ ပန်းကန်၊ ခွက်စသည့် ပုံစံများကို ကိုယ်တိုင်သတ်မှတ်ပြီးပစ္စည်းသည် သေသပ်လှပစွာထွက်လာရန်ကိုယ်တိုင်ဆောင်ရွက်နိုင်ခဲ့ပါသည်။

ထို့နောက်မှာတော့,ဂျပန်နိုင်ငံ၏ နာမည်ကြီး လက်မှုပညာတစ်ခုဖြစ်သည့် အစားအစာပုံစံတူ ဖန်တီး ခြင်းလုပ်ငန်းသို့လည်း သွားရောက်လေ့လာခွင့်ရခဲ့ပါသည်။ Hasamiမြို့ရှိ အစားအသောက်ပုံစံတူလုပ်ငန်းသည်ခရီးသွားဧည့်သည်များအတွက်စိတ်ဝင်စားစရာနေရာတစ်ခုအဖြစ် ရှိနေခဲ့ပါသည်။ အသေးစိတ်မှစပြီး ပစ္စည်းအစစ်တစ်ခုနှင့်တူအောင် ပုံစံတူလုပ်နိုင်သည့် နည်းပညာကို လေ့လာရခြင်းသည် အံ့အားသင့်စရာကောင်းခဲ့ပါသည်။ အချိုပွဲ パフェ (Parfait) ၏ နမူနာပုံစံကို ကိုယ်တိုင် လက်တွေ့လုပ်ဆောင်ပြီး လေ့လာခွင့်ရခဲ့ပါသည်။
၂ ရက်တာ Hasamiမြို့၏ လေ့လာရေးခရီး ပြီးဆုံးခဲ့ပါသည်။ သမိုင်းဝင်နေရာများ၊ လက်မှုပညာများနှင့် အမှတ်တရများဖြင့် ပြည့်နှက်နေသည့် Hasamiမြို့သည် ခရီးသွား ဧည့်သည်များအတွက် ကိုယ်တိုင် အမှတ်တရများကို ဖန်တီးနိုင်မည့် မြို့လေး ဖြစ်သည်။

Report
အစီရင်ခံစာဘာသာစကား :
မြန်မာ






