ဤဝဘ်ဆိုဒ်ကို ဘာသာစကားများစွာဖြင့်ကြည့်ရှုနိုင်ပါသည်။ ညာဘက်အောက်ခြေရှိ ဘားမှ သင်နှစ်သက်သော ဘာသာ စကားကို ရွေးချယ်ပါ။
Craft Kyushu | ကျူရှူးတွင် နေထိုင်သော နိုင်ငံတကာကျောင်းသားများက “ものづくり” လုပ်ငန်းခွင်တွင် တွေ့ကြုံခဲ့သော အမှန်တကယ် အတွေ့အကြုံများနှင့် စိတ်လှုပ်ရှားဖွယ်ခံစားချက်များကို အစီရင်ခံစာများဖြင့် မျှဝေပါသည်。

Phyu EI THAE
Okawaကုန်ထုတ်လုပ်မှုခရီးစဉ်

Okawaကုန်ထုတ်လုပ်မှုခရီးစဉ်
မဂ်လာပါရှင့် ကျွန်မ ကတော့ မတ်လ ၁၂ရက်နှင့် ၁၃ရက်မှာ ပါဝင်ခဲ့တဲ့Okawaမြို့ရဲ့လက်မှုပညာအတွေ့အကြုံနှင့်ပတ်သတ်ပြီး ပြောပြမှာဖြစ်ပါတယ်ရှင့်၊၊ 🤩
ပထမနေ့
ပထမဦးစွာ မတ်လ ၁၂ရက်နေ့မှာ Okawaမြို့သို့ရောက်ရှိခဲ့ပြီး ဒေသခံလူများနှင့်တွေ့ဆုံကာမိတ်ဆက်စကားပြောဆိုခဲ့ရပါတယ်၊၊ ထို့နောက် နေ့လည်စာ စားသုံးပြီး Okawaမြို့ရဲ့ အထင်ကရနေရာဖြစ်တဲ့ တံတားအနီရောင် ကိုguide ကလိုက်လံရှင်းပြပေးခဲ့ပါတယ်။ထိုတံတားကို ရှေးအခါကရထားလမ်းအဖြစ်အသုံးပြုခဲ့ကြောင်းကိုလဲသိရှိခဲ့ရပါတယ်၊၊ ထို့အပြင် အဆိုပါတံတားသည် ကြီးမားသောသဘ်ောများလာပါက မီတာ23ခန့် မြင့်တတ်သွားကြောင်းကို သိရှိခဲ့ရပြီး အရမ်းအံ့ဩသွားခဲ့ပါသည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်မတို့မြန်မာနိုင်ငံတွင် ထိုကဲ့သို့သော တံတားမရှိသောကြောင့်ပင်ဖြစ်ပါသည်။
ဒေသအစားအစာ
ထို့နောက်Okawaမြို့ရဲ့လက်မှုပညာတခုဖြစ်တဲ့ Kumikoကို ဒေသခံရဲ့ရှင်းပြမှုနားထောင်ရင်း ကိုယ်တိုင်ပြုလုပ်ခဲ့ပါသည်။ပထမဆံုး ကိုယ်တိုင်ပြုလုပ်ခဲ့တဲ့Kumikoကို ကြည့်ကာဝမ်းသာကြည်နူးကြည်နူးခဲ့ရပါတယ်။ထို့နောက်ကျွန်မတို့သည် ဟိုတယ်သို့ခေတ္တပြန်၍ အနားယူခဲ့ပါသည်။
