ဤဝဘ်ဆိုဒ်ကို ဘာသာစကားများစွာဖြင့်ကြည့်ရှုနိုင်ပါသည်။ ညာဘက်အောက်ခြေရှိ ဘားမှ သ င်နှစ်သက်သော ဘာသာစကားကို ရွေးချယ်ပါ။
Craft Kyushu | ကျူရှူး (Kyushu) ဒေသတွင် နေထိုင်ကြသည့် နိုင်ငံတကာ ကျောင်းသားများက လက်မှုပညာလောက၌ ၎င်းတို့ ကိုယ်တိုင် ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများနှင့် တွေ့ရှိခဲ့ရသော စိတ်ကူးစိတ်သန်း၊ လှုံ့ဆော်မှုများကို မျှဝေထားပါသည်။

WAI YAN PHYO THET
ဟစမိမြို့
Hasami မြို့သည် ဂျပန်နိုင်ငံ၊ Nagasaki စီရင်စု၊ Higashisonogi ခရိုင်တွင် တည်ရှိသည်။ ၂၀၂၄ ခုနှစ်၊ မေလ ၃၁ ရက်နေ့အထိ စာရင်းများအရ ဤမြို့တွင် အိမ်ထောင်စု ၅,၄၉၉ စု၊ လူဦးရေ ခန့်မှန်းခြေ ၁၄,၁၂၄ ဦး ရှိပြီး လူဦးရေ သိပ်သည်းဆမှာ တစ်စတုရန်းကီလိုမီတာလျှင် လ ူဦးရေ ၂၀၀ ခန့် ဖြစ်သည်။ မြို့၏ စုစုပေါင်း ဧရိယာမှာ ၅၆.၀၀ စတုရန်းကီလိုမီတာ (၂၁.၆၂ စတုရန်းမိုင်) ဖြစ်သည်။ Hasami မြို့သည် အိမ်နီးချင်းမြို့ဖြစ်သော Arita မြို့ (Saga စီရင်စုတွင် တည်ရှိသည်) နှင့်အတူ ကြွေထည်ပစ္စည်းများ ထုတ်လုပ်ရာ ဗဟိုချက်တစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် လူသိများသည်။

ပထမဦးဆုံးဟစမိမြို့ကိုစစရောက်ချင်းခ ွက်တွေထုတ်လုပ်တဲ့နေရာကိုရောက်ခဲ့ပြီးအဲ့ဒီနေရာမှာမိမိကြိုက်နှစ်သက်ရာ စတစ်ကာကိုရွေးချယ်ပြီးခွက်မှာအရင်ဆုံးကပ်ရပါတယ်။စိတ်ကြိုက်ကပ်ပြီးတဲ့အချိန်မှာတော့တာဝန်ရှိသူတွေက မီးအပူပေးခြင်းလုပ်ငန်းကိုလုပ်ဆောင်ပါတယ် ။

နံပတ်၂အနေနဲ့ကျွန်တော်တို့ရောက်ရှိခဲ့တဲ့နေရာကတော့အစားအသောက်တွေကိုsample ပုံစံတူ ပြုလုပ်တဲ့နေရာဖြစ်ပါတယ ်။အဲ့ဒီနေရာမှာကျွန်တော်တို့ကတော့ရေခဲမုန့်ပုံစံ အချိုပွဲကိုပြုလုပ်ခဲ့ကြပါတယ် ။

နေ့လည်စာကတော့ဂျပန်စတိုင်ထမင်းဘူးနဲ့ဧည့်ခံပါတယ်။
၄။နှစ်ပေါင်းများစွာက လက်မှုပညာအကွဲအစအနများရှာဖွေခြင်း
ထမင်းစားပြီးတဲ့နောက်မှာတော့ ကျွန်တော်တို့အဖွဲ့ပန်းကန်အကွဲအစအနများကိုရှာဖွေပြီး ဆရာများကိုဘယ်နှစ်ခုနစ်က အပိုင်းအစလဲဆိုတာမေးမြန်းကြပါတယ်

၅။ရလာသောအပိုင်းအစများကိုဆွဲကြိုးပြုလုပ်ခြင်း
ထို့နောက်ကျောင်းသားများကမိမိတို့ကိုယ်တိုင်ရှာဖွေတွေ့ရှိထားသောအပိုင်းအစများကိုဆွဲကြိုးများပြုလုပ်ပြီးဆင်မြန်းကြပါတယယ်။

ထို့နောက်ကျွန်တော်တို့ရဲ့ခရီးစဉ်ပြီးဆုံးပြီးပျော်ရွှင်စွာကားပေါ်မှာ အိပ်ငိုက်ရင်းပြန်လာကြပါတယ်။
ပြီးပါပြီ။
ဆက်လက်ကြိုးစားပါအုံးမည်
ဝေယံဖြိုးသက်
အစီရင်ခံစာဘာသာစကား :
Burmese language



